မြန်မာနိုင်ငံ၌

ကျွန်ုပ်တို့ သည် မြန်မာနိုင်ငံ၌ ဂျာမနီနိုင်ငံ၏ Köln တက္ကသိုလ် မှ ပါရဂူတန်း ကျောင်းသား၏ ကြီးကြပ်မှုအောက် မှ မနုဿဗေဒ ကျောင်းသားများ ဖြင့်တွဲဖက် လုပ်ကိုင်ပါသည်။ ဤ မနုဿဗေဒ ဆိုင်ရာ သုတေသန အတွက် လက်တွေ့ ကွင်းဆင်းရန် ဧရာဝတီ မြစ်ဝကျွန်းပေါ်၌ နှစ်နေရာကို ရွေးချယ်ထား  ပြီး လူနေမှုနှင့် ပါတ်ဝန်းကျင်အပေါ် ရိုက်ခါတ်မှုကို လေ့လာမည် ဖြစ်ပါသည်။  မော်လမြိုင်ကျွန်း မြစ်ရေအတက်အကျ ပေါ်မူတည်ကာ စပါးစိုက်ပျိုးသည့် ရွာငယ်များနှင့်၊ ညောင်တုန်းမှ လွန်ခဲ့သော ဆယ်စုနှစ် အတွင်းအကြောင်းအမျိုးမျိုး ကြောင့် (ရေလုပ်ငန်းများတိုးချဲ့ လာခြင်း၊ ကမ်းပြိုခြင်း၊ စသည့်) ပြောင်းလဲနေသော ရေ မြေ သဘာဝ ကိုလေ့လာမည် ဖြစ်ပါသည်။ ဤ သုတေသန ၏ ကျယ်ပြန့် သောလေ့လာ မှုများမှာ ၁)  မြစ်ဝကျွန်းပေါ်၌ သမိုင်းဝင် မြေနှင့်ရေ ထိန်းသိမ်းမှု အဆောက်အဦး များဖြစ်သော မြင်းခွာ တာတမံ၊ ရေတံခါး များ နှင့် ၂) ဒတ်ခ်ျ ပူးပေါင်းဆောင်ရွက်မှု မှ ဧရာဝတီ မြစ်ဝကျွန်းပေါ် စီမံခန့် ခွဲမှု နည်းဗျူဟာ (ပုံ ဥပမာ ကိုကြည့်ပါ) များဖြစ်ပါသည်။ (အသေးစိတ် ကို Venot, 2018 ကိုကြည့်ပါ) ဤ သုတေသန ၏ အထူးလေ့လာ မှုများမှာ မြန်မာနိုင်ငံ၌ ဒတ်ခ်ျ ဦးဆောင်သော ဖွံ့ ဖြိုးတိုးတက်ကွန်ယက်မှု ၏ တည်ဆောက်မှုများ၊ အခြားသော ရေထိန်းသိမ်းမှု နှင့်ဆိုင်သော ဖွံ့ ဖြိုးမှုခြေလှမ်း များနှင့်ဆက်စပ် ခြင်း (အထူးသဖြင့် World Bank မှထောက်ပံ့သော AIRBM စီမံကိန်း) နှင့်၊ နည်းဗျူဟာ ဆွဲရေးနှင့် သက်ဆိုင်သော အသိပညာနှင့်နိုင်ငံရေး သဘာဝ များဖြစ်ကြသည်။ ဤ သုတေသန အစိတ်အပိုင်းသည် ဗီယက်နမ် မဲခေါင် မြစ်ဝကျွန်းပေါ်  ဒေသ နှင့် ဘင်္ဂလားဒေ့ရှ် ၌ အခြားဖွဲ့ ဝင်များ ပြုလုပ်သော သုတေသနများ နှင့် ဆင်တူပါသည်။

နောက်ဆုံး, Political Ecology ၏ ရှုထောင့်အရ ဤပရောဂျက်သည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ မြစ်ကြောတစ်လျှောက်တွင် ဖြစ်သော ကမ်းပြိုခြင်း နှင့် နုန်းတင်ခြင်း တို့ အား လေ့လာရန်အတွက် ထောက်ပံ့ခြင်းဖြစ်ပါသည်။ ဤလေ့လာခြင်း၏ ရည်ရွယ်ချက်သည် ဧရာဝတီမြစ်ဝကျွန်းပေါ် စိုက်ပျိုးရေး နှင့် မြေရာအသုံးချမှု ၏ ဆက်စပ်မှုကို လေ့လာခြင်းဖြစ်ပါတယ်။