မြန်မာနိုင်ငံ၌

ကျွနု်ပ်တို့သည် မြန်မာနိုင်ငံ၌ ဂျာမနီနိုင်ငံ၏ Köln တက္ကသိုလ် မှ ပါရဂူတန်း ကျောင်းသား၏ ကြီးကြပ်မှုအောက် မှ မနုဿဗေဒ ကျောင်းသားများဖြင့် တွဲဖက်လုပ်ကိုင်ပါသည်။

ဤသုတေသနသည် “ ညောင်တုန်းကျွန်း “ ၏ ဆယ်စုနှစ်အတွင်း သိသာထင်ရှားသော ပြောင်းလဲမှု၊ လူမျိူ းနှင့်ယဉ်ကျေးမှုပညာရပ်များကို လေ့လာကာ လူသားတို့၏နေထိုင်ပုံမှုနှင့် မြစ်ဝကျွန်းပေါ်ကိုသက်ရောက်ပုံများပါဝင်ပါသည်။ ဤ သုတေသန ၏ ကျယ်ပြန့်သောလေ့လာ မှုများမှာ ၁)  မြစ်ဝကျွန်းပေါ်၌ သမိုင်းဝင် မြေနှင့်ရေ ထိန်းသိမ်းမှု အဆောက်အဦး များဖြစ်သော ထူးခြားသောအဆောက်အအုံ၊ ဥပမာ မြင်းခွာ တာတမံ၊ polder များနှင့် ရေတံခါးများနှင့်၂) ဒတ်ချ် ပူးပေါင်းဆောင်ရွက်မှု မှ ဧရာဝတီ မြစ်ဝကျွန်းပေါ် စီမံခန့်ခွဲမှု နည် းဗျူဟာများဖြစ်ပါသည်။ (Ivars and Venot, 2019 ကိုကြည့်ပါ)

ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ အခြေခံအဆာက်အအုံများ ဖွံ့ဖြိုးမှု သည်အခြားအရှေ့တောင်အာရှတွင်ရှိသော မြစ်ဝကျွန်းပေါ်များနှင့် ဆင်တူပါသည်။ ၎င်းမှာ ရေလွှမ်းမိုးမှုကို ထိန်းချုပ်သောအဆောက်အဦးများနှင့် polder ကဲ့သို့ ကျယ်ပြန့်သော လယ်ယာမြေတူးဖော်ဆောင်ရွက်သောစီမံကိန်း အဆောက်အအုံများ အများစုပါဝင်ပါသည်။ ထိုသည်မှာ မြစ်ဝကျွန်းပေါ်ဒေသများသည် ကမ္ဘ္ဘာအနှံ့ဖွံ့ဖြိုးမှု နှင့် အသိပညာကူပြောင်းမှုကွန်ရက်များတွင် ပါဝင်ပါတ်သတ်တတ်သော သဘာဝကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤဒေသသည် လွပ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှစ၍ နိုင်ငံရေးမတည်ငြိမ်မှုများ ကြုံတွေ့ရသော်လည်း တစ်စိတ်တစ်ဒေသအားဖြင့် ပြင်ပဖြစ်ရပ်များနှင့် တိုင်းတစ်ပါးတို့၏ ပုံဖော်မှုကိုခံရသောနေရာလည်းဖြစ်ပါသည်။

 ဤသုတေသနသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ကို မြစ်ဝကျွန်းပေါ် သိပ္ပံပညာ နှင့် မြစ်ဝကျွန်းပေါ် စီမံကိန်းများအတွက် မကြာခင်ကမှ frontier (သိမ်းပိုက်ရန်ကွက်လပ်) အသစ် အဖြင့် ဖော်ပြပါသည်။ အဘယ့်ကြောင့်ဆိုသော် လက်ရှိမြန်မာနိုင်ငံသည် နိုင်ငံရေးအပြောင်းအလဲများ ကြုံနေရပြီး ဖွံ့ဖြိုးမှုဆိုင်ရာဌာနများ ကျက်စားနေသော ကာလဖြစ်သောကြောင့်ဖြစ်ပါသည်။ ဒတ်ချ် အဆင့်မြင့်ပညာရေးမှ ထောက်ပံ့သော ဒတ်ချ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုအထောက်အပံ့၊ သုတေသန အဖွဲ့အစည်းများနှင့် အတိုင်ပင်ခံကုမ္ပဏီများသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ကို အခြားမြစ်ဝကျွန်းပေါ်များကဲ့သို့ (ဥပမာ မဲခေါင် နှင့် ဘင်္ဂလားဒေ့ရှ် မြစ်ဝကျွန်းပေါ်) တစ်ကမ္ဘာလုံးဆိုင်ရာ သက်ဆိုင်ရာနေရာအဖြစ် သတ်မှတ်ရန် အဓိကကျသော နေရာတွင်ပါဝင်ပါသည်။ ထိုအတွက်Integrated Ayeyarwady Development Strategy (IADS) သည် အထောက်အပံ့ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မြစ်ဝကျွန်းပေါ်ကို နိုင်ငံရေးသဘောသက်ဝင်အောင်မဟုတ်ပဲ ပေါ်လစီ လုပ်ငန်းစဉ်များတွင်ထည့်သွင်းရန် အုတ်မြစ်ချပေးပါသည်။ မြစ်ဝကျွန်းပေါ်၌ အမှန်တကယ် ဖြစ်သမျှသည် ထိုပူးပေါင်းသောအဖွဲ့အစည်းများသည် ပေါ်လစီလုပ်ငန်းစဉ်များကို ဘယ်လောက်ထိလုပ်နိုင်သလဲအပေါ်မှာမူတည်ပါသည်။ (Ivars and Venot, 2019)

ဒေသအဆင့်မှာတော့ ဤသုတေသနသည် political ecology ရှုထောင့်အတွင်း၌ ပါဝင်ပါသည်။ ဤသုတေသန၏  ပထမပိုင်းမှာတော့ ညောင်တုန်းကျွန်း၏ ပြေင်းလဲနေသော အရင်းအမြစ် အသုံးပြုခွင့် ပုံစံများကို ခွဲခြမ်းစိပ်ဖြာထားပါသည်။ ဤသုတေသနဖော်ပြသည်မှာ သဘာဝအရင်းအမြစ်များသည် အရင်တည်းက လူမှုနည်းဗျူဟာမှတည်ဆောက်ပြီး နောက်ဆုံး တောင်သူအသေးစားနှင့်ရေလုပ်သားများမှ အရင်းအမြစ်စွန့်လွတ်ရခြင်းနှင့် ထုတ်ပယ်ခံရခြင်းသို့ရောက်ရှိခဲ့ပါသည်။ ၂၀၁၁ မှစကာ မြေယာနှင့်ငါးလုပ်ငန်း ပြောင်းလဲမှုနှင့် အရပ်သားအစိုးရသို့ကူးပြောင်းခြင်းသည် အရင်းအမြစ်များပြန်လည်ပေးအပ်ခြင်းကိုဖြစ်စေသော်လည်း အတိုင်းအတာအရ အာဏာရှင်ပါတ်သတ်မှုများသည် ထိုပြောင်းလဲခြင်းပုံစံကို သက်ဆိုင်နေပါသေးသည်။ဒေသခံမျက်နှာဖုံးလူကြီးများသည် ထိုပြောင်းလဲခြင်းများတွင် သူတို့၏အာဏာကို ပိုက်ဆံချမ်းသာကြွယ်ဝသော်ကြောင့်၎င်း အကြွေးပေးခြင်းသော်ကြောင့်၎င်း ဆက်လက်တည်မြဲရန်လုပ်ဆောင်ပြီး အကျိုးအမြတ်ရရှိစေပါသည်။ ဒေသအဖွဲ့အစည်းများသည်လည်း ကွဲပြားသော ဥပဒေဆိုင်ရာနှင့် အဖွဲ့အစည်းဆိုင်ရာများတွင် များစွာလမ်းညွှန်နိုင်ပြီး မြစ်ဝကျွန်းပေါ်၏ မတည်မြဲသော အရင်းအမြစ် (မြေတစ်စိတ်တစ်ဒေသ၊ ရေတစ်စိတ်တစ်ဒေသ၊ စပါးတစ်စိတ်တစ်ဒေသ၊ ငါးတစ်စိတ်တစ်ဒေသ) ကို နည်းဗျူဟာကျကျ အသုံးပြုပါသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်သည် မပြီးဆုံးနိုင်သော တောင်းဆိုမှုများနှင့် ပြန်လည်တောင်းဆိုမှု တို့၏အငြင်းပွားမှုများ၏ သွင်ပြင်လက္ခဏာဆောင်ပါသည်။

ဤရှုပ်ထွေးသော လူမှုပါတ်ဝန်းကျင် ပြောင်းလဲမှုများနှင့် အရင်းအမြစ် အခွင့်အလမ်းနှင့် အသုံးပြုမှုများကိုဤသုတေသန၏ အင်တာဗျူးများနှင့် ဧရာဝတီမြစ်ဘေးတွင်ရှိသော မြေနုကျွန်း ၃ နေရာတွင်ရှိသော ကမ်းပြိုခြင်းနှင့် နှုံးတင်မှုများကိုဖော်ပြသော  ဂြိုလ်တုဓတ်ပုံများ (Gruel, 2018) ကို ခွဲခြမ်းစိတ်ဖြာမှု များတွင် ဖော်ပြထားပါသည်။ (slide show တွင် ၁၉၇၃ ခုနှစ်မှစ၍ မြေနုကျွန်းတစ်ခု၏ ဖွဲ့စည်းတည်ဆောက်ပုံ နှစ်စဉ်ပြောင်းလဲမှုကို ကြည့်ပါ)

ဘာသာပြန်ချက် The Ngone Oo